သားကြီးက IGCSE ဖြေရမယ်ဆိုတော့ ဘယ်ဆရာတွေနဲ့သင်ရမလဲဆိုတာကို တော်တော်လေးစုံစမ်းမေးမြန်းဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ TZEC ကျောင်းကိုသတိထားမိပြီး အရင်ကတက်ဖူးတဲ့သူတွေကို အကျိုးအကြောင်းမေးကြည့်ခဲ့ပါတယ်။ TZEC ကျောင်းက အသင်အပြရော စည်းကမ်းပါကောင်းတယ်လို့ ပြောကြပါတယ်။ ဒါနဲ့ သားကြီးကို TZEC မှာထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ သားကြီးက Grade 8 အပြီးမှာ TZEC မှာ စတက်ပါတယ်။ အသက်ကနဲနဲငယ်တော့ စာမလိုက်နိုင်မှာကို အတော်လေးစိတ်ပူခဲ့မိတယ်။ ဒါပေမယ့် TZEC က ဘာသာရပ်အလိုက် ပုံမှန်စာမေးပွဲတွေစစ်ပြီး ရမှတ်တွေကို အမြဲအသိပေးတဲ့အတွက် သားအခြေအနေကို မျက်ခြေမပြတ်သိခွင့်ရပါတယ်။ သားကလည်းTZEC မှာတက်ပြီးနောက်ပိုင်း အများကြီးတိုးတက်လာပါတယ်။
Read More