enmm

မိဘတို့၏စကားသံများ

TZEC သင်တန်းကျောင်း

TZEC အကြောင်း မိဘတို့၏ပြောကြားမှုများ

Crown Education ဒါရိုက်တာ ဒေါ်ဒေစီကျော်ဆန်း (Louis Kyaw San, 1A* 5A, ၏မိခင်)

ကျောင်းသားကျောင်းသူတွေ အမှတ်တွေကောင်းအောင် အားသွန်ခွန်စိုက်စနစ်တကျသင်ကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကျမသားကြီး IGCSE အမှတ်တွေကောင်းတဲ့အပြင် အတန်းဖော်သူငယ်ချင်းတွေကလည်း အတူတူစာကြိုးစားကြပီး ချစ်ခင်ကြတဲ့အတွက် ပတ်၀န်းကျင်ကောင်းလေးဖြစ်ခဲ့ပါတယ်။ မိဘများ မိမိသားသမီးများအတွက် ယုံကြည်အားကိုးစိတ်ချရတဲ့ ကျောင်းတစ်ခုဖြစ်ပါတယ်။
Read More
Khant Zayr Nyi

ဒေါ်စန္ဒာမြင့် (ခန့်ဇေယျာညီ, 3A* 2A, IGCSE 2019 May နှင့် ဘုန်းပြည့်နိုင်, IGCSE 2020 Oct-Nov, တို့၏မိခင်)

IGCSE ဖြေဆိုမယ့် ကျောင်းသူကျောင်းသားတွေအတွက် Tr. Thuzar Education Center ကတော အကောင်းဆုံးပါပဲ။ ကျမသားကြီး IGCSE ဖြေဆိုတာရလာဒ်ကောင်းတွေရခဲ့ပါတယ်။ သားငယ်လေးလည်း TZECမှာပဲ တက်ပါတယ်။ ဆရာဆရာမများရဲ စေတနာထားသင်ကြားမှုကြောင့် သားငယ်လေးစာပိုတော်လာပြီး ရလာဒ်ကောင်းတွေရခဲ့တာအတွက် TZEC ကို ကျေးဇူးအထူးတင်ပါတယ်။
Read More

ဒေါ်စန္ဒာအေမီ (ဘုန်းဟန်ဆက်, IGCSE 2020 Oct, ၏မိခင်)

Tr.Thuzar ၏ ဦးစီးမှုဖြင့် စနစ်တစ်ကျ သင်ကြားပေးနေပါသော TZECတွင် တက်ရောက်သင်ကြားနေသော ကျောင်းသားလေးတစ်ဦး၏ မိခင် Sandar Ame ဖြစ်ပါသည်။ ကျွန်မသည် သားလေးအား TZEC တွင် စတင်ထားသည့် အချိန်မှစ၍ ယခုအချိန်အထိ online သင်ကြားမှုများ၊ စည်းကမ်းရှိမှု၊ ကျောင်းသားများအားအမြဲမပြတ်လေ့လာစောင့်ကြပ်ပေးမှုများ၊ ကျောင်းသားတစ်ဦးချင်းစီ၏ တိုးတက်မှုများကိုလည်း မိဘများအား
Read More

ဒေါ်နန်းစံစီ (စိုင်းခေးဆိုင်, IGCSE Special Class 2021 May, ၏မိခင်)

သားကြီးက IGCSE ဖြေရမယ်ဆိုတော့ ဘယ်ဆရာတွေနဲ့သင်ရမလဲဆိုတာကို တော်တော်လေးစုံစမ်းမေးမြန်းဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ TZEC ကျောင်းကိုသတိထားမိပြီး အရင်ကတက်ဖူးတဲ့သူတွေကို အကျိုးအကြောင်းမေးကြည့်ခဲ့ပါတယ်။ TZEC ကျောင်းက အသင်အပြရော စည်းကမ်းပါကောင်းတယ်လို့ ပြောကြပါတယ်။ ဒါနဲ့ သားကြီးကို TZEC မှာထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ သားကြီးက Grade 8 အပြီးမှာ TZEC မှာ စတက်ပါတယ်။ အသက်ကနဲနဲငယ်တော့ စာမလိုက်နိုင်မှာကို အတော်လေးစိတ်ပူခဲ့မိတယ်။ ဒါပေမယ့် TZEC က ဘာသာရပ်အလိုက် ပုံမှန်စာမေးပွဲတွေစစ်ပြီး ရမှတ်တွေကို အမြဲအသိပေးတဲ့အတွက် သားအခြေအနေကို မျက်ခြေမပြတ်သိခွင့်ရပါတယ်။ သားကလည်းTZEC မှာတက်ပြီးနောက်ပိုင်း အများကြီးတိုးတက်လာပါတယ်။
Read More

ဒေါ်ခိုင်ဆွေသင်း (အေးပွင့်ဖြူသင်း, IGCSE 2020 Oct-Nov, ၏မိခင်)

TZECမှာ အသင်ပြကောင်းတဲ့ဆရာတွေရှိလို့ ရွေးချယ်ခဲ့ပါတယ်။ Tr. Thuzar TZEC ကလည်း ကလေးတွေ မလစ်ဟင်းအောင် မိဘနဲ့ အမြဲချိတ်ဆက်မှုမပြတ်တာကိုလည်းသဘောကျတယ်။ ကျောင်းအချိန်တွေကိုလည်း စနစ်တကျညှိပေးတယ်။ ကျမသမီးလေး စာမေးပွဲ resultတွေလည်းကောင်းလာတယ်။ မိသားစုလိုပဲစောင့်ရှောက်လို့ TZEC မှ Tr. Thuzar နှင့် ဆရာဆရာမအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျမသမီးအတွက် ရွေးချယ်မှုမှန်ခဲ့ပါတယ်။ ကျေးဇူးအထူးတင်ပါတယ် Tr. Thuzar.
Read More

ဒေါက်တာသပြေဦးလွင် (လင်းထွန်းဦး, IGCSE Special Class 2021, ၏မိခင်)

TZEC မှာတက်ပြီးသားကအမှတ်တွေကောင်းလာတယ်။ စာမေးပွဲလည်းဖြေတတ်လာတယ်။သင်ကြားပေးတဲ့ဆရာတွေအားလုံးကိုကျေးဇူးတင်ပါတယ်။
Read More