သားကြီးက IGCSE ဖြေရမယ်ဆိုတော့ ဘယ်ဆရာတွေနဲ့သင်ရမလဲဆိုတာကို တော်တော်လေးစုံစမ်းမေးမြန်းဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ TZEC ကျောင်းကိုသတိထားမိပြီး အရင်ကတက်ဖူးတဲ့သူတွေကို အကျိုးအကြောင်းမေးကြည့်ခဲ့ပါတယ်။ TZEC ကျောင်းက အသင်အပြရော စည်းကမ်းပါကောင်းတယ်လို့ ပြောကြပါတယ်။ ဒါနဲ့ သားကြီးကို TZEC မှာထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ သားကြီးက Grade 8 အပြီးမှာ TZEC မှာ စတက်ပါတယ်။ အသက်ကနဲနဲငယ်တော့ စာမလိုက်နိုင်မှာကို အတော်လေးစိတ်ပူခဲ့မိတယ်။ ဒါပေမယ့် TZEC က ဘာသာရပ်အလိုက် ပုံမှန်စာမေးပွဲတွေစစ်ပြီး ရမှတ်တွေကို အမြဲအသိပေးတဲ့အတွက် သားအခြေအနေကို မျက်ခြေမပြတ်သိခွင့်ရပါတယ်။ သားကလည်းTZEC မှာတက်ပြီးနောက်ပိုင်း အများကြီးတိုးတက်လာပါတယ်။ ဘာသာရပ်အလိုက်ရော ဘာသာအားလုံးပေါင်း ရမှတ်အများဆုံးရရင်ဖြစ်စေ၊ အမှတ်ပြည့်ရရင်ဖြစ်စေ ဆုကြေးငွေ ချီးမြှင့်တဲ့အတွက်လည်း သားက စာကို ပိုပြီးကြိုးစားလာပါတယ်။ စာမေးပွဲအတွက်လည်း အခုကတည်းက လိုရင်လိုသလို အချိန်ပိုခေါ်ပေးသလို အိမ်စာလုပ်ရင် မရှင်းတဲ့စာတွေမေးရင်လည်း သေသေချာချာရှင်းပြပေးပါတယ်။ ကျောင်းအုပ်ချုပ်တဲ့ တီချယ် Thuzar Myo ရော ဘာသာရပ်ဆိုင်ရာဆရာ၊ဆရာမတွေပါ စေတနာကောင်းကြပါတယ်။ ဆရာတို့ဆရာမတို့အားလုံးကို ကျွန်မတို့သားအမိက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။
Highly recommended for TZEC!
Thank you TZEC!
ဒေါ်နန်းစံစီ
(စိုင်းခေးဆိုင်, IGCSE Special Class 2021 May, ၏မိခင်)