Tr.Thuzar ၏ ဦးစီးမှုဖြင့် စနစ်တစ်ကျ သင်ကြားပေးနေပါသော TZECတွင် တက်ရောက်သင်ကြားနေသော ကျောင်းသားလေးတစ်ဦး၏ မိခင် Sandar Ame ဖြစ်ပါသည်။ ကျွန်မသည် သားလေးအား TZEC တွင် စတင်ထားသည့် အချိန်မှစ၍ ယခုအချိန်အထိ online သင်ကြားမှုများ၊ စည်းကမ်းရှိမှု၊ ကျောင်းသားများအားအမြဲမပြတ်လေ့လာစောင့်ကြပ်ပေးမှုများ၊ ကျောင်းသားတစ်ဦးချင်းစီ၏ တိုးတက်မှုများကိုလည်း မိဘများအား စဉ်ဆက်မပြတ် တင်ပြပေးခြင်းများ၊ လစဉ်ပုံမှန်လပတ်စာမေးပွဲများစစ်ဆေးပေးခြင်းများ၊ အဖြေလွှာများ၏ အမှားအမှန်အပေါ်ပြန်လည်သုံးသပ်သင်ကြားပေးခြင်းများ၊ လိုအပ်လျှင် လိုအပ်သော ဘာသာရပ်များအတွက် guide များခေါ်၍ လေ့ကျင့်ပေးခြင်းများ၊ ကျောင်းသား၊ကျောင်းသူများ၏ online လေ့လာသင်ယူခြင်းအပေါ်ဆရာမကြီး Tr. Thuzar Myo နှင့် သက်ဆိုင်ရာ ဘာသာရပ်ဆရာမများက ကျွမ်းကျင်စွာသင်ကြားပေးမှုများ၊ online ဖြင့်သင်ကြားရာတွင်လည်း လွန်စွာအဆင်ပြေမှုများ၊ နှစ်စဉ်နှစ်တိုင်း TZEC ကို ဂုဏ်ဆောင်ပေးသော A* များစွာရရှိသွားသည့်ကျောင်သားများ များစွာပေါ်ထွန်းခြင်း၊ သားလေး၏တိုးတက်မှုများအား လုံးဝစိတ်ကျေနပ်လှည့်ကြည့်စရာမလိုအောင် သင်ကြားပေးသည့်အတွက် ကျွန်မလိုမိဘများအနေဖြင့် TZEC သို့ ယုံကြည်စွာအပ်နှံကြည့်စေချင်ပါသည်။
မိဘများစိတ်ချမ်းသာရမှာ. . . . .TZEC ပါ။
ယုံကြည်စိတ်ချ. . . . TZEC ကျောင်းမှာအပ်။
TZEC online learning program မှ principal Tr. Thuzar Myo အားအထူး အထူးပင်ကျေးဇူးတင်ပါသည်။
ဒေါ်စန္ဒာအေမီ
(ဘုန်းဟန်ဆက်, IGCSE 2020 Oct, ၏မိခင်)