မိမိတို့တက်ခဲ့သောကျောင်းမှထွက်၍ IGCSE ကို Private Home Schooling ဖြေဆိုလိုသူများကို TZEC မှ အနည်းဆုံး ၆ဘာသာသင်ကြားပေးပြီး Full Time တက်ရသော class ဖြစ်ပါသည်။ ထို special class ၏အားသာချက်များမှာ တစ်နေ့တာသင်ယူချိန် ၃ချိန်ပြီးတိုင်း Guide နှင့်စာလုပ်ချိန်တွင် ဆရာ၊ဆရာမများမှသင်ခဲ့သော တစ်နေ့တာ သင်ခန်းစာ Theory၊ Calculation များနှင့်ပေးအပ်ထားသော Assignment and Home Work များကို အပြီးလုပ်ဆောင်ရပါသည်။ ထို့ကြောင့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် အားလပ်ချိန်တွင်အားကစားလုပ်ခြင်းနှင့် အခြားသောစိတ်ဝင်စားဖွယ် Activities များလုပ်ရန် ပိုမိုအခွင့်အရေး ရရှိလာပါသည်။
ဤပုံမှန်တန်းခွဲသည် IGCSE ကို အခြား Private School များတွင် တက်ရောက်ပညာသင်ယူနေရင်း လိုအပ်သောဘာသာရပ်များကိုသာ ရွေးတက်နိုင်သော Regular Class ဖြစ်ပါတယ်။ ကျောင်းသား၊ကျောင်းသူများအနေဖြင့် မိမိနှစ်သက်ရာဘာသာရပ်ကိုသာ ရွေးချယ်တက်ရောက်ခြင်း (သို့မဟုတ်) ဘာသာစုံတက်ရောက်ခြင်းဖြင့် မိမိတို့၏ကျောင်းတွင် Result ကောင်းကောင်းများ ရရှိလာနိုင်ပါသည်။
ဤကျောင်းသည် ဆရာမဒေါ်သူဇာ (Teacher Thuzar Accounting)မှ ဦးစီးတည်ထောင်ထားခြင်းဖြစ်ပြီး Secondary 2/3/4 (IGCSE) မှ A Level ထိ ဘာသာရပ်အစုံကိုအတွေ့အကြုံရှိ ဆရာ၊ဆရာမများမှ CIE နှင့် Edexcel Exam board (၂) ခုလုံးအတွက်သင်ကြားပို့ချလျက်ရှိပါသည်။
TZEC ကို ၂၀၁၄ မှစတင်ဖွင့်လှစ်ခဲ့ရာ ၂၀၁၄ မှ ၂၀၁၉ ထိ Country Highest Mark (တစ်နိုင်ငံလုံးအမှတ်အများဆုံး)ဆုရ ကျောင်းသားကျောင်းသူပေါင်း (၁၁) ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့သောကျောင်းဖြစ်ပါသည်။ နှစ်စဉ် ကျောင်းမှထွက်၍ IGCSE Preparation ကို Home Schooling လုပ်လိုသော ကျောင်းသားများနှင့် ကျောင်းတက်နေရင်း လိုအပ်သည့်subject များကို လာရောက်သင်ယူသူပေါင်း (၂၀၀)ကျော်ခန့်ရှိပါသည်။